Single Missing Tooth
သွားတစ်ချောင်းပြန်စိုက်ခြင်း
သွားတစ်ချောင်းဆုံးရှုံးသွားပါက သွားမြစ်တုအားပြုသွားတုစိုက်ကုသနိုင်ပါသည်။
အဆင့်(၁) သွားမြစ်တုထည့် ၊ အဆင့်(၂) သွားတုစွပ်
ဆုံးရှုံးသွားသောသွားနေရာတွင် သွားမြစ်တုအားပြုသွားတုစိုက်နိုင်ပါသည်။ ၄င်းကုသမှု၏ကောင်းကျိုးများမှာ –
ရေရှည်အသုံးပြုနိုင်ခြင်း
သွားအစစ် သကဲ့သို့ အစာဝါးစားနိုင်ခြင်း
သန့်ရှင်း ထိန်းသိမ်းရ လွယ်ကူခြင်း
ပဏာမအဆင့် – ဓာတ်မှန်ရိုက်၍ ကုသမှုအစီအစဉ်ဆွဲခြင်း
သွားမြစ်တုကုသမှုတွင် ကုသမှုအဆင့်ဆင့်အား အစီအစဉ်ဆွဲရပါမည်။ သင်၏ သွားဆရာဝန်မှ သွားမြစ်တု ထည့်မည့် နေရာအား စစ်ဆေးစမ်းသပ်ပါမည်။ ထို့နောက် မည်သည့်သွားမြစ်တုအမျိုးအစားနှင့် သင့်တော်သည်ကို ဓာတ်မှန်၊ 3D CT scan တို့ ရိုက်ကြည့်၍ သော်လည်းကောင်း သွားပုံစံယူ၍ သော်လည်းကောင်း စစ်ဆေးပါမည်။
ကုသမှုအစီအစဉ်ဆွဲခြင်းသည် သွားမြစ်တုကုသရာ၌ အောင်မြင်မှုရာခိုင်နှုန်းများစေရန် နှင့် လူနာဘေးကင်း စေရန်ဖြစ်သည်။ သင်သိလိုသည်များနှင့် သွားမြစ်တုကုသမှု၏ ကောင်းကျိုးဆိုးကျိုးများကို သွားဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
ကုသမှုအစီအစဉ်ဆွဲပြီးနောက် သင်၏သွားဆရာဝန်မှ ပထမအဆင့် သွားမြစ်တု တိုင်ထည့်ပါမည်။ သွားမြစ်တု တစ်ချောင်း သွားဖုံးရိုးထဲသို့ ထည့်ချိန်သည် ယေဘုယျအားဖြင့် မိနစ် ၃၀ မှ ၁ နာရီခန့် ကြာနိုင်ပါသည်။ သွားမြစ်တုတိုင်ထည့်မည့်နေရာ၊ ခွဲစိတ်မှုပုံစံ နှင့် သွားမြစ်တုအမျိုးအစားတို့ပေါ်မူတည်၍ ကြာချိန်ကွာခြားနိုင်ပါသည်။ အများအားဖြင့် သွားမြစ်တုတိုင်ထည့်ခြင်းအား ထုံးဆေးဖြင့်သာ ပြုလုပ်လေ့ရှိသော်လည်း မေ့ဆေးဖြင့်ကုသခြင်း other sedative methods ခံယူလိုပါက သင်၏သွားမြစ်တုအထူးကုဆရာဝန်နှင့် တိုင်ပင်နိုင်ပါသည်။
သွားမြစ်တုတိုင်ထည့်ပြီးသွားပါက ထိုနေရာသို့ အစာမဝင်နိုင်စေရန် healing cap ခေါ် သွားမြစ်တုအဖုံး တပ်၍ သွားဖုံးအားပြန်ချုပ်ထားပါမည်။ ခွဲစိတ်ပြီး ၅ ရက်မှ ၁၀ရက် ကြာလျှင် ခွဲထားသောနေရာအား ပြန်လည်စစ်ဆေးရန်နှင့် ချုပ်ရိုးဖြေရန်အတွက်သင်၏သွားဆရာဝန်နှင့် ပြန်တွေ့ရပါမည်။
သွားမြစ်တုသည် အရိုးထဲတွင် အနာကျက်ရန် ၂ လ မှ ၆ လ ကျော် ကြာမြင့်နိုင်ပါသည်။ ၄င်းနောက် သွားဖုံးရိုးအနာကျက်မကျက်အား ဓာတ်မှန်ရိုက်စစ်ဆေးပါမည်။ အနာကျက်ပြီဆိုပါက healing cap အားဖယ်၍ သွားတုအစွပ်ပြုလုပ်ရန် ပုံစံခွက်ဖြင့် (သို့မဟုတ်) intraoral scan ဖြင့်ပုံစံယူပါမည်။
ကျွန်ုပ်တို့၏BIDHတွင်on-site fully digital customzied abutment dental lab ရှိသောကြောင့် သွားဆရာဝန်မှ သင်နှင့်အသင့်တော်ဆုံးသော သွားတုအစွပ်ပုံစံကို ထိန်းညှိနိုင်ပြီး အံဝင်ခွင်ကျတပ်ဆင်ပေးနိုင်ပါသည်။
သွားတုပြုလုပ်ရာတွင် အရောင်ရွေးခြယ်မှုသည်လည်း အရေးကြီးပါသည်။ အများအားဖြင့် ဘေးကပ်ရပ် သွားနှင့် အနီးဆုံးတူသော အရောင်ရွေးခြယ်ခြင်းဖြင့် သွားစိုက်ထားမှန်းမသိသာနိုင်ပါ။
သွားတုပုံစံ နှင့် အရောင်တိုင်းပြီးပါက BIDH’s digital dental lab သို့ပို့၍ သွားတုအစွပ်အား၂၄ နာရီအတွင်း ပြုလုပ်ပေးနိုင်ပါသည်။ သို့သော်ပိုမိုသေချာစေရန် အများအားဖြင့် သင်၏သွားဆရာဝန်မှ သွားတုအစွပ်အား နောက် ၃ ရက်အကြာတွင် တပ်ဆင်ပေးလေ့ရှိပါသည်။