General Dentistry

သင်၏ သွားနှင့်ခံတွင်းအစဉ်ကျန်းမာနေစေရန် သွားဆရာဝန်နှင့် ၆ လ တစ်ကြိမ် ပုံမှန် စစ်ဆေးသင့်ပါသည်။ 

Checkup, Consultation and Treatment Planning

ကျွန်ုပ်တို့ဆေးရုံသို့လာသော ပထမနေ့တွင် သွားဆရာဝန်မှ သင့်လက်ရှိ သွားကျန်းမာရေးအခြေအနေနှင့် ခံတွင်းစစ်ဆေးမှုများကို စတင်ပြုလုပ်ပေးပါမည်။ သွားတွင်းပြဿနာများနှင့်သွားဖုံးအောက်ပြဿနာများကို လိုအပ်ပါက ဓာတ်မှန်ရိုက်စစ်ဆေးပါမည်။ BIDHတွင် ခေတ်မီဓာတ်မှန်စက်များ၊ ပါးစပ်တွင်းကြည့်ကင်မရာ နှင့် အခြားသောရာဂါရှာဖွေရေးအထောက်အကူပြုကိရိယာများရှိတာကြောင့် ပိုမိုတိကျသေချာသောရောဂါအဖြေကို ရရှိနိုင်ပါသည်။ 

ထို့နောက် သင်၏သွားဆရာဝန်မှ သင်လိုအပ်သော ကုသမှုအစီအစဉ်နှင့် ရွေးခြယ်နိုင်သောကုသမှုများကို ဆွေးနွေးတိုင်ပင်ပါမည်။ 

consultation cosmetic dentistry

BIDHသွားနှင့်ခံတွင်းအထူးကုဆေးရုံတွင် အတိုင်ပင်ခံသွားဆရာဝန်နှင့်စစ်ဆေးမှုပြီးမှသာ ကုသမှုစတင်ပါသည်။ ဆိုလိုသည်မှ သင်၏သွားကျန်းမာရေးလိုအပ်ချက်များကို အတိုင်ပင်ခံသွားဆရာဝန်မှ အရင်စစ်ဆေးမှုပြုလုပ်၍ သက်ဆိုင်ရာ အထူးကုသွားဆရာဝန်များထံ ကုသမှုခံယူရန် လွှဲပေးပါသည်။ BIDH တွင် သင့်သွားနှင့်ခံတွင်းလိုအပ်ချက်များအတွက် အကောင်းဆုံးကုသမှုပေးနိုင်ရန် ကျွန်ုပ်တို့၏ အထူးကုသွားဆရာဝန်များသည် ၄င်းတို့အထူးပြုသော နယ်ပယ်တွင်သာ ကုသခွင့်ရှိသည်။ ထို့ကြောင့် သင်၏အထူးကုဆရာဝန်သည် ကုသမှုများပေါ်မူတည်၍ ပြောင်းလဲနေပါမည်။

အကယ်၍ သင့်ကုသမှုအစီအစဉ်နှင့်ပတ်သက်၍ နားမလည်ပါက ကျွန်ုပ်တို့နှင့် အချိန်မရွေး မေးမြန်းတိုင်ပင်နိုင်ပါသည်။

Teeth Cleaning, Scaling and Polishing

Teeth Fillings
သင်၏ သွားနှင့်ခံတွင်း အစဉ်ကျန်းမာနေစေရန် နှင့် ယုံကြည်မှုရှိစွာပြုံးနိုင်ရန် သွားဆရာဝန်များနှင့် ၆ လ တစ်ကြိမ် စစ်ဆေးခြင်း၊ သွားသန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်သင့်ပါသည်။ သွားပတ်လည်ရှိ သွား ချေးကျောက်နှင့် ဘက်တီးရီးယား ပိုးမွှားများသည် သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါကိုဖြစ်စေပါသည်။   သင့်သွားဆရာဝန်မှ သမားရိုးကျ သွားသန့်ရှင်းရေးကိရိယာသော်လည်းကောင်း AirFlow® technology သော်လည်းကောင်းအသုံးပြု၍ သွားပေါ်ရှိအညစ်အကြေးများကိုဖယ်ရှားပေးနိုင်ပါသည်။ 
 
သွားသန့်ရှင်းရေးလုပ်ချိန်သည် မိနစ် ၃၀ ခန့်သာကြာပါသည်။ 

Dental Fillings

သင့်တွင် သွားပိုးပေါက်များရှိပါက သွားဆရာဝန်မှ သွားဖာပေးပါမည်။ သွားဖာရာတွင်

  • ငွေရောင်ဖြင့်သွားဖာခြင်း နှင့်
  • သွားအရောင်ဖြင့်သွားဖာခြင်း ဟု၍ ရှိပါသည်။ 

ကျွန်ုပ်တို့ သွားနှင့်ခံတွင်းအထူးကုဆေးရုံသည် အမာဂမ် ကင်းစင်သော ဆေးရုံ ဖြစ်သောကြောင့် လူနာ၏ ဘေးကင်းစေမှုအတွက် သွားအရောင်ဖြင့်သွားဖာခြင်းကိုသာ အားပေးပါသည်။ 

ယနေ့ခေတ်တွင်လူနာများသည် မလိုအပ်သောသတ္တုပါဝင်မှုကိုလျော့ချရန်နှင့် သွားဖာထားမှန်းမသိသာစေရန် ငွေရောင် သွားဖာပစ္စည်းအား သွားအရောင်ဖြင့် ပြန်လည် အစားထိုးကျပါသည်။ ထိုသို့ အမာဂမ် ခေါ် ငွေရောင်သွားဖာပစ္စည်းအားဖယ်ရှားရာတွင် ဘေးကင်းစေရန် ရာဘာခံတွင်းအကာခံ၍သော်လည်းကောင်း အောက်စီဂျင်ရှု၍ သော်လည်းကောင်းကုသမှုခံယူနိုင်ပါသည်။ 

Dental Fillings
အပေါ်သို့