Braces and Orthodontics
သွားညှိကုသခြင်း
Clear Braces. Speed Braces. Invisalign. Lingual Braces.
သွားညှိကုသခြင်း ဆိုသည်မှာ သွားမညီညာခြင်း၊ သွားထပ်ခြင်း၊ သွားကျဲခြင်း၊ သွားခေါခြင်းများအား braces နှင့် invisalign နည်းပညာများဖြင့် သွားများညီညာအောင် ပြုလုပ်ခြင်းဖြစ်သည်။
Corrective appliances and techniques used within orthodontic dentistry
သတ္တုတုံးလေးများဖြင့် သွားညှိခြင်းသည် သွားညှိနည်းတစ်မျိုးဖြစ်သည်။
သွားဆွဲရာတွင် လိုအပ်သော အားပမာဏရရန် သင်၏သွားညှိအထူးကုနှင့် လစဉ်ပြသရပါမည်။ o-ring elastics များကို လစဉ်အသစ်လဲရာတွင် လိုချင်သော အရောင်ရွေးခြယ်နိုင်ပါသည်။
သွားအရောင်အတုံးလေးများဟုလည်း ခေါ်နိုင်ပါသည်။ အကြည်ရောင်ဖြစ်သောကြောင့် သွားညှိထားမှန်း မသိသာပါ။ o-ring elastics သည်လည်း အကြည်ရောင်ဖြစ်ပြီး လူငယ်တော်တော်များများတွင် ဤကုသမှုသည် လူကြိုက်များပါသည်။ သတ္တုတုံးလေးများသကဲ့သို့ သွားများကို ညီညာအောင် ညှိပေးနိုင်ပါသည်။
Self-ligating braces တွင် o-rings ကဲ့သို့သော ရာဘာကွင်းလေးများတပ်ရန်မလိုပါ။ ၄င်းတွင် ဝါယာအား ချုပ်ထားနိုင်သော ချိတ်လေးများ ပါရှိပါသည်။ သမားရိုးကျ သတ္တုသွားညှိတုံးလေးများထပ် သွားများသည် ပိုမို ရွေ့ရလွယ်ကူပါသည်။
လူကြိုက်များသော self-ligating braces များမှာ –
သွားအမြန်ညှိခြင်း တစ်မျိုးဖြစ်ပြီး self-ligating braces များတွင် သတ္တုရောင် သို့မဟုတ် အကြည်ရောင် ၂ မျိုးရှိပါသည်။
Lingual braces ဆိုသည်မှာ သွားညှိတုံးများအား မမြင်ရစေရန် လျှာဘက်အခြမ်းသွားမျက်နှာပြင် တွင် ကပ်ထားသော ကုသမှုဖြစ်သည်။
သွားညှိအတုံးပုံစံအား သွားဆရာဝန်မှ လူနာတစ်ဦးချင်းအလိုက်ရွေးခြယ်ရပါသည်။ ထိုကုသမှုသည် ၄င်းအား အထူးပြုထားသော သွားညှိကုအထူးကု ဆရာဝန်များမှသာ ကုသမှုပေးနိုင်ပါသည်။
မီးရောင်အောက်တွင် လူအများနှင့်အလုပ်လုပ်ရသော သရုပ်ဆောင်မင်းသားမင်သမီးများတွင် ဤကဲ့သို့ သော ကုသမှုကို ရွေးခြယ်ကျပါသည်။
အမေရိကန်နိုင်ငံအသိအမှတ်ပြု invisalign ကုသမှုဆိုသည်မှာ ဖြုတ်၍တပ်၍ရသော အကြည်ရောင် သွားညှိအံစွပ်လေးများဖြင့် သွားများညီညာအောင်ပြုလုပ်ခြင်း ဖြစ်သည်။ Invisalign ဖြင့်ကုသစဉ်တွင် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုထားပါသည်။
သွားညှိအတုံးလေးများနှင့် မတူဘဲ invisalign သည် ဖြုတ်တပ်လို့ရပြီး သွားသန့်ရှင်းရေးလုပ်ရ လွယ်ကူပါသည်။ အကြည်ရောင်ဖြစ်သောကြောင့် သွားညှိထားမှန်း မသိသာပါ။
BIDH orthodontic center တွင် invisalign လက်မှတ်ရရှိထားသော သွားညှိအထူးကု ဆရာဝန်မှသာ ကုသမှုပေးပါသည်။ ထို့ကြောင့် ကုသမှုရလဒ်ကောင်းရရန် ယုံကြည်နိုင်ပါသည်။
အချို့သောလူနာများတွင် သွားညှိကုသရုံနှင့် မရပါ။ မျက်နှာမေးရိုးလှပစေရန် မေးရိုးခွဲစိတ်ကုသရပါသည်။
BIDH တွင် မေးရိုးခွဲစိတ်ကုသခြင်း ၊ မေးရိုးပြုပြင်ခြင်းများ ပြုလုပ်နိုင်ပါသည်။
မေးရိုးခွဲစိတ်ပြုပြင်ခြင်း ခွဲစိတ်ခန်းများ