Full Mouth Missing Teeth

ဘာကြောင့်သွားပြန်စိုက်သင့်သလဲ

သွားများမရှိလျှင် သင်၏ခန္ဓာကိုယ်ကျန်းမာရေး၊ မျက်နှာအသွင်အပြင် နှင့်မိမိကိုယ်ကိုယုံကြည်မှုတို့ထိခိုက်စေနိုင်ပါသည်။ သွားများမရှိပါက အောက်ပါတို့ဖြစ်နိုင်ပါသည်။

  • သွားဖုံး နှင့် မေးရိုး သွားတစ်ချောင်းမှ မရှိတော့သောအခါ သွာဖုံးနှင့် မေးရိုးတို့တွင်လည်း လုပ်ရှားမှု နည်းသွားပြီး      အချိန်နှင့်အမျှကျုံ့လာပါသည်။ ဘေးသွားယိုင်ခြင်းများလည်း တွေ့ရနိုင်ပါသည်။

  • မျက်နှာအသွင်အပြင် –  သွားမရှိသောအခါ မျက်နှာအောက်ပိုင်းလည်း တိုသွားပါသည်။ ထို့ပြင် ပါး နှင့် နှုတ်ခမ်းအား    ထောက်ပံ့ပေးထားသည့်သွားများမရှိတော့သောကြောင့် ပါးတွဲကျလာပြီး အိုမင်းသည့်ပုံပေါ်စေပါသည်။

တိုးတက်လာသော သွားနှင့်ခံတွင်း ဆေးပညာများကြောင့် ယခုအခါ သွားမြစ်တုအားပြု သွားစိုက်ပြီး မိမိကိုယ်ကိုယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ပါသည်။

Edentulous dental implants options

all-on-4 dental implants
All-on-4

သွားမြစ်တု ၂ ချောင်း + စောင်းထည့်ရသော အနောက်သွားမြစ်တု ၂ ချောင်း + အံကပ်အသေ

full bridge dental implants
Full Bridges

သွားမြစ်တု ၆-၁၀ ချောင်း + သွားတုအတွဲလိုက်အသေစွပ်ခြင်း

implant dentures
Implant Dentures

သွားမြစ်တု ၂-၄ ချောင်း + bar/ ball/ locator ချိတ် + ဖြုတ်တပ်ရသော အံကပ်

zygoma-implants
zygoma implants

သွားမြစ်တု ၂ချောင်း + ပါးရိုးအားပြု သွားမြစ်တု ၂ ချောင်း + အံကပ်အသေ

Dental Implants

Dental Implant Specialization

all-on-4 implants

All-on-4 implants

All-on-4® သည် Nobel Biocare အသုံးပြု သွားမြစ်တုကုသမှုဖြစ်သည်။ ၄င်းသည်ခွဲစိတ်သည့်နေ့တွင်ပင် လူနာအား မေးရိုးအပြည့်သွားပြန်စိုက်ပေးနိုင်ပါသည်။ ဆိုလိုသည်မှာ သွားမြစ်တုတိုင်ထည့် ခွဲစိတ်ပြီးသည် နှင့် တပြိုင်နက် အံကပ်အားတပ်စဉ်အသုံးပြုနိုင်မည် ဖြစ်သည်။ 

All-on-4 ကုသစဉ်တွင် သွားမြစ်တု ၄ ချောင်းအသုံးပြုပါသည်။ အရှေ့သွားမြစ်တု ၂ ချောင်းအား အတည့်ထည့်၍ အနောက်သွားမြစ်တု ၂ ချောင်းအား ၄၅ဒီဂရီ စောင်းထည့်ပါမည်။ ထိုသို့စောင်းလိုက်သောကြောင့် အရိုးပမာဏများများ အသုံးပြုနိုင်ပြီး  အရိုးထပ်ပိုးရန် မလိုပါ။ All-on-4 သည် သွားအပြည့် ပြန်စိုက်ရာ၌  ကုန်ကျစရိတ်သက်သာ၍ ကုသမှုအချိန်တိုတိုနှင့် ပြုလုပ်နိုင်ပါသည်။ 

Full Dental Implant Bridges

full bridge dental implants

သွားမြစ်တုအားပြု သွားတုအတွဲလိုက်အသေစိုက်ခြင်းသည် သွားမြစ်တုများပေါ်တွင် သွားတစ်ချောင်းချင်း စိုက်သည်နှင့် ဆင်တူပါသည်။ ဤကုသမှုသည် သွားဆရာဝန်မှ သွားတုများကို လိုအပ်သည့် နေရာတွင် ထည့်၍ သွားတုအစွပ်ပြုလုပ်ပေးခြင်းဖြစ်ပြီး ရေရှည်ကုသမှုအတွက် အကောင်းဆုံးရွေးခြယ်မှုဖြစ်သည်။ 

သွားမြစ်တုအားပြုသွားတုအတွဲလိုက်အသေစိုက်ခြင်းဖြင့် အခြေခိုင်မြဲပြီး စိုက်ထားမှန်းမသိသာပါ။ 

Implant supported Overdentures

full dental implant dentures

သွားမြစ်တုအားပြု အံကပ်စိုက်ခြင်းသည် အခြားကုသမှုများနှင့် ယှဉ်လျှင် ကုန်ကျစရိတ်အနည်းဆုံးကုသမှု ဖြစ်သည်။ သွားမြစ်တု ၂ ချောင်းမှ ၄ ချောင်းခန့်ကို အံကပ်အား ကုတ်တွယ်ရန်သုံးပါသည်။ Locator ၊ bar သို့မဟုတ် ball စသော ချိတ်တွယ်စရာများအသုံးပြုပါသည်။

သွားမြစ်တုအားပြု အံကပ်စိုက်ခြင်းသည် သန့်ရှင်းထိန်းသိမ်းရလွယ်ကူပါသည်။ ရိုးရိုးအံကပ်များနှင့် မတူဘဲ နေရာတွင် မြဲ၍ စကားပြောရာ အစားစားရာတွင် အဆင်ပြေပါသည်။ 

Zygoma Implants

zygomatic implants

Zygoma implant ဆိုသည်မှာ All-on-4 ကဲ့သို့ အပေါ်မေးရိုးအတွက် သွားစိုက်ခြင်းဖြစ်သည်။

အချို့သောလူနာများတွင် သွားဖုံးရိုးပမာဏမလုံလောက်သဖြင့် All-on-4® ကုသမှု မပြုလုပ်နိုင်ပါ။      The Brånemark System® Zygoma implant သည် ဆန်းသစ်သောကုသမှုတစ်ခုဖြစ်ပြီး သွားမြစ်တု  တိုင်ရှည်ကို ပါရိုးအားပြုစိုက်ခြင်းဖြစ်သည်။ 

Zygoma Implants သည် သွားဖုံးရိုးထပ်ပိုးခွဲစိတ်မှုများမလိုအပ်ဘဲ ခွဲစိတ်ပြီး သွားတုတပ်ဆင်အသုံးပြုနိုင် သော သွားစိုက်နည်းတစ်မျိုးဖြစ်သည်။ 

အပေါ်သို့ Dental Implant အမျိုးအစားများ