BIDH Dental Hospital တွင် သွားနှင့်ခံတွင်း ကုသမှုများ ကို အထူးကုဆရာဝန်များနှင့် ပြသနိုင်ပါသည်။
သွားကျန်းမာရေးစစ်ဆေးခြင်း၊ သွားသန့်ရှင့်ရေးပြုလုပ်ခြင်း၊ သွားဖာခြင်း
သွားဖြူအောင်လုပ်ခြင်း၊ သွားဖာခြင်း၊ ကြွေသွားစွပ်ခြင်း
သွားမြစ်အတုအစားထိုးစိုက်ခြင်း၊ သွားအသေစွပ်ခြင်း၊ သွားအရှင်စိုက်ခြင်း (အံကပ်ပြုလုပ်ခြင်း)
သွားမြစ်အတု သွားအသေစိုက်ကုသခြင်း
သွားမညီညာခြင်းနှင့် မေးရိုးမလှခြင်းများအား ကုသခြင်း
သွားပိုးစားပြီး သွားကိုက်သွားနာနေပါက သွားအကြောထုတ်ကုသနိုင်ပါသည်။
အံဆုံးနှုတ်ခြင်း၊ မေးရိုးခွဲစိတ်ကုသခြင်း
သွားဖုံးအထူးကုများဖြင့် သွားဖုံးနှင့်သွားဖုံးရိုးကုသခြင်း
ကလေးအထူးကုဆရာဝန်မှ သွားရောဂါစစ်ဆေးကုသပေးခြင်း
သွားဖုံး သို့မဟုတ် သွားဖုံးရိုးထဲမြုပ်နေသော ခက်ခဲသော သွားများကို
ခွဲခန်းတွင် နှုတ်ခြင်း
သွားမြစ်တု စိုက်ခြင်း ဆိုသည်မှာ သွားမရှိသော နေရာတွင် သွားအသစ်
တစ်ချောင်းပြန်စိုက်သကဲ့သို့ဖြစ်သည်။ သွားမြစ်တုတိုင်အား မေးရိုးထဲတွင်ထဲ့ပြီး အပေါ်မှ သွားတုစိုက်ခြင်းဖြစ်သည်။
မေးရိုးခွဲစိတ်ခြင်းကို မေ့ဆေးအသုံးပြုကုသပါသည်။ မေးရိုးပုံမမှန်ခြင်းနှင့်
သွားမညီညာခြင်းများတွင် မေးရိုးခွဲစိတ်ခြင်းနှင့် သွားညှိကုသခြင်းတို့ ပေါင်းစပ်ကုသပါသည်။
မေ့ဆေးအသုံးပြုကုသခြင်းကို အကြီးစားခွဲစိတ်မှုများနှင့်သွားရောဂါကုသနေစဉ် စိတ်လှုပ်ရှားမှုလျော့စေချင်သူများတွင် အသုံးပြုပါသည်။
သွားတစ်ချောင်းဆုံးရှုံးသွားပါက သွားမြစ်အတုအစားထိုး သွားစိုက်နိုင်ပါသည်။
တစ်ချောင်းထပ်ပိုဆုံးရှုံးသွားသော သွားများကို သွားမြစ်အတုအားပြု၍ ပြန်စိုက်နိုင်ပါသည်။
သွားတစ်ချောင်းမှမရှိတော့ပါက သွားမြစ်အတုနှင့် သွားအပြည့်စိုက်နိုင်ပါသည်။
သွားမျက်နှာပြင်တွင် ပါးလွှာ၍ သဘာဝကျသော ကြွေသွားတုကပ်ခြင်းဖြင့် သွားမညီညာခြင်းနှင့် သွားမလှခြင်းများကို ဖုံးကွယ်ထားနိုင်ပါသည်။
သင့်မျက်နှာနှင့်လိုက်ဖက်သော သွားပုံစံအား ကွန်ပြူတာဖြင့် ဒီဇိုင်းဆွဲကုသနိုင်ပါသည်။
သွားများအား ဆေးခန်းတွင် ၁ နာရီမှ ၂ နာရီခန့် အချိန်ပေးရုံဖြင့် သွားဖြူအောင်ပြုလုပ်နိုင်ပါသည်။ မိမိအိမ်တွင်လည်း အိမ်သုံးသွားဖြူဆေးအသုံးပြုနိုင်ပါသည်။
ပျက်စီးသွာသော သို့မဟုတ် သွားမရှိသောနေရာတွင် ကြွေသွားတုဖြင့် သွားစိုက်နိုင်ပါသည်။
အမေရိကန်နိုင်ငံမှ အသိအမှတ်ပြုထားသော invisalign ကုသမှုဆိုသည်မှာ ဖြုတ်၍တပ်၍ရသော အကြည်ရောင်သွားညှိအံစွပ်လေးများဖြင့် သွားများညီညာအောင်ပြုလုပ်ခြင်း ဖြစ်သည်။ Invisalign ဖြင့်ကုသစဉ်တွင် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုထားပါသည်။
သွားညှိကုသရာတွင်အသုံးပြုသော အတုံးလေးများမှာ အကြည်ရောင်ဖြစ်သောကြောင့် ကပ်ထား မှန်း မသိသာသဖြင့် လူကြိုက်များသော ကုသမှုတစ်ခုဖြစ်သည်။
Speed braces တွင် ပုံမှန်သွားညှိရာတွင်သုံးသော ရာဘာကွင်းလေးများ အသုံးပြုရန်မလိုပါ။ Damon Braces နှင့် 3M Unitek SL Braces တို့မှ အထူးထုတ်ထားခြင်းဖြစ်ပြီး သတ္တုရောင် သို့မဟုတ် အကြည်ရောင်ရှိပြီး တပ်ထားမှန်းလည်း မသိသာပါ။
Lingual braces ဆိုသည်မှာ သွားညှိထားမှန်းမသိသာစေရန် လျှာဘက်အခြမ်းသွားမျက်နှာပြင်တွင် သွားညှိတုန်းလေးများအား ကပ်ထားသော ကုသမှုဖြစ်သည်။ ထိုကုသမှုသည် ၄င်းအား အထူးပြုထားသော သွားညှိကုအထူးကု ဆရာဝန်များမှသာ ကုသမှုပေးနိုင်ပါသည်။
မေးရိုး ခွဲစိတ်ကုသခြင်းသည် မျက်နှာမေးရိုး ပုံမမှန်ခြင်းများအား ပြုပြင်ပေးခြင်း ဖြစ်သည်။ မေးရိုး ခွဲစိတ်ခြင်းနှင့် သွားညှိခြင်းအားတွဲ၍ မျက်နှာအချိုးကျလှပအောင်ပြုလုပ်နိုင်ပါသည်။