Bangkok Dental Hospital Digital Dentistry
သွားဘက်ဆိုင်ရာ နည်းပညာ
ဘန်ကောက် သွားဆေးရုံတွင် ဆေးရုံလုပ်ငန်းစဥ်တလျောက် နှင့် သွားရောဂါအထူးကု ဌာနတစ်ခုချင်းစီတွင် သွားဘက်ဆိုင်နာ နည်းပညာ ကို အသုံးပြုထားပါသည်။
Digital Technologies & Digital Dental Lab
ကျွန်ုပ်တို့ ဘန်ကောက် သွားနှင့်ခံတွင်း ဆေးရုံတွင် သွားဘက်ဆိုင်ရာ နည်းပညာများ နှင့် on-site digital dental lab တို့အား လူနာများ၏ အကျိုးအတွက် အသုံးပြုပါသည်။
- လူနာများအား ပိုမို ဘေးကင်းစေခြင်း
- ကုသမှုအချိန်တိုစေခြင်း
- ရောဂါရှာဖွေရာတွင် ပိုမို စေ့စပ်စွာ လုပ်ဆောင်နိုင်ခြင်း
- ဘေးအန္တရာယ်ဖြစ်စေနိုင်သော အခြေအနေများကို ရှာဖွေဖြေရှင်းနိုင်ခြင်း
- ကွန်ပြူတာနည်းပညာဖြင့် လျင်မြန်စွာ ပြုပြင်ထိန်းညှိမှုများ လုပ်နိုင်ခြင်း
ယနေ့ခေတ် သွားဆေးပညာလောက၏ တိုးတက်ခြင်းများနှင့် အတူ ဒစ်ဂျစ်တယ်နည်းပညာသည် ကျွန်ုပ်တို့၏ သွားနှင့် ခံတွင်း ဆရာဝန်များအား များစွာထောက်ပံ့ပေးပါသည်။
Romexis® Clinic Management
ကျွန်ုပ်တို့သည် Romexis® Clinic Management ကို အသုံးပြုထားသောကြောင့် ချိတ်ဆက်ကုသမှုများတွင် အချိန်နှင့် တစ်ပြေးညီ လုပ်ဆောင်နိုင်ပါသည်။ ဤဆော့ဖ်ဝဲသည် ဆေးရုံအတွင်းရှိ သွားဆေးကုသခန်းနှင့် ဓာတ်မှန်ဌာနမှ အချက်အလက်များကို အလိုအလျောက် စုဆောင်းပေးပါသည်။ ထို့ပြင် သမားရိုးကျ ကိရိယာ စစ်ဆေးထိန်းသိမ်းခြင်းများနှင့် ဘေးအန္တရာယ်ဖြစ်စေနိုင်သော အခြေအနေများကို ရှာဖွေဖြေရှင်းနိုင်ခြင်းအား အချိန်တိုတိုအတွင်း လုပ်ဆောင်နိုင် စေပါသည်။
Digitalization within Sterilization Concepts
လူနာများ၏ ဘေးကင်းမှုမှာ အဓိက ရည်ရွယ်ချက်ဖြစ်သောကြောင့် အဆင့်မြင့် ဒစ်ဂျစ်တယ်နည်းပညာကို ပိုးသန့်စင်စနစ် sterilization processes တွင်လည်း တပ်ဆင် အသုံးပြုထားပါသည်။
