Endodontics and Root Canal Treatment
သွားအကြောထုတ်ကုသခြင်း
သွားကိုက််ခြင်းအား သက်သာစေပါသည်။
Root canal treatments. Endo-surgery.
သွားအတွင်း ပိုးဝင်လျှင် သွားကိုက်ဝေဒနာခံစားရပါသည်။ သွားအကြောထုတ်ကုသခြင်းသည် သွားအတွင်းရှိ ဘက်တီးရီးယားပိုးမွှားများအား သန့်စင်ပေးပါသည်။ သွားအကြောထုတ်ကုသခြင်းကြောင့် သွားနုတ်ရန်မလိုတော့ပါ။
BIDH ဆေးရုံတွင် endodontic microscopes၊ tooth apex diagnostic machines နှင့် digital intraoral imaging စသော ခေတ်မီနည်းပညာများအသုံးပြုကာ လူနာများအား ဘေးကင်းတိကျသော ကုသမှုကို ပေးနိုင်ပါသည်။
သွားအကြောထုတ်ကုသပြီးသောအခါ သွားအားရေရှည်ဆက်လက်အသုံးပြုနိုင်ရန် သွားတုအစွပ် စွပ်သင့်ပါသည်။
ကုသမှုမစခင်တွင် သွားအမြစ်အခြေအနေကြည့်ရန် ဓာတ်မှန်အသေးတစ်ချက်ရိုက်ရပါသည်။ ထို့နောက် ကုသနေစဉ်နှင့် ကုသမှုပြီးသွားသော အခါတွင်လည်း ဓာတ်မှန် တစ်ချက်စီရိုက်ရန် လိုအပ်ပါသည်။
ကုသနေစဉ်တွင် သွားတွင်းသို့ ဖောက်၍ လိုအပ်သော ဆေးဝါး ကိရိယာများဖြင့် သန့်ရှင်းပေးပါမည်။
အကယ်၍ သွားအမြစ်သည် အရမ်းရောင်နေပါက သန့်ရှင်းရေးလုပ်ပြီးနောက် ဆေးထည့်ကာ စောင့်ကြည့်ရန်လိုအပ်ပါသည်။ ဆေးထည့်ထားချိန်တွင် သွားပေါ်၌ ယာယီသွားဖာထားပါမည်။ ထို့နောက် ဝေဒနာသက်သာလာပါက သွားထဲတွင် ကြာရှည်ခံသော ဆေးထည့်ကာ သွားအစွပ်စွပ်ရပါမည်။