Dental Warranty

BIDH သွားနှင့်ခံတွင်းအထူးကုဆေးရုံရှိကုသမှုများသည် လူနာအား ဘေးကင်းမှန်ကန်သောကုသမှုပေးနိုင်ရန် အသိအမှတ်ပြုထားသော စံနှုန်းများကိုသာ အခြေခံထားပါသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့လူနာများ၏ သွားနှင့်ခံတွင်းကျန်းမာရေးအား အစဉ်ကောင်းမွန်အောင် စောင့်ရှောက်ပေးနိုင်ပါသည်။ 

သွားနှင့်ခံတွင်း ကျန်းမာရန်နှင့် သွားတုကုသမှုအာမခံ တရားဝင်နေရန်အတွက် သင်၏သွားဆရာဝန်နှင့်   ၆ လ တစ်ကြိမ်စစ်ဆေးသင့်ပါသည်။ အကောင်းဆုံးနည်းပညာများကို အသုံးပြုသော်လည်း သွားတုပစ္စည်းများသည် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခြင်းများ ရှိနိုင်ပါသည်။ ကျွန်ုပ်တို့ သွားနှင့်ခံတွင်းဆေးရုံတွင် သွားတုကုသမှုများအတွက် အာမခံ  LOCAL guarantee ပေးပါသည်။ 

dental guarantee

Veneers, Crowns, Bridges, Veneers & Dentures (သွားတုပစ္စည်းများ)

  • သွားတုပစ္စည်းများ (veneers, crowns, bridges, inlays, onlays and dentures) သည် ၂ နှစ် LOCAL dental warranty အာမခံ ရှိပါသည်။ 
  • အာမခံကာလအား အထက်ပါကုသမှုများ စတင်တပ်ဆင်သည့်နေ့မှ စ၍ ရေတွက်ပါသည်။
  • ကျွန်ုပ်တို့ဆေးရုံတွင် ကုသမှုများအတွက် ပေးငွေ ပြန်မအမ်းပါ။ 
  • အာမခံအကျုံးဝင်သော သွားတုပစ္စည်းများသည် ထိုင်းနိုင်ငံဘန်ကောက်ရှိ ကျွန်ုပ်တို့ဆေးရုံတွင် ကျွန်ုပ်တို့၏ သွားဆရာဝန်များမှ ပြန်လည်ပြုပြင်ပေးခြင်း၊ ထိန်းညှိပေးခြင်းနှင့် အစားထိုးပေးခြင်းတို့ကို ပြုလုပ်ပေးပါမည်။ 
  • သတ်မှတ်ထားသော ကာလ ၂ နှစ်အတွင်း အပြစ်အနာအဆာအား ကျွန်ုပ်တို့ဆေးရုံသို့ တရားဝင်အသိပေးခြင်းဖြင့် အာမခံရယူနိုင်ပါသည်။
  • အာမခံတွင် သွားတုစွပ်ထားသော သွား၌ သွားပိုးစားခြင်း၊ သွားဖုံးရောင်ခြင်း၊ သွားဖုံးနိမ့်ကျခြင်း နှင့် ဘေးသွားများတွင် ပြဿနာဖြစ်ခြင်း သို့မဟုတ် သွားကုသမှုပြီးတွင် မတော်တဆ ထိခိုက်ခြင်းတို့အကျုံးမဝင်ပါ။ 
  • ကျွန်ုပ်တို့ဆေးရုံတွင် သွားတုအတွက် သွားအားတိုက်စားရာတွင် မမျှော်လင့်ထားသော သွားအကြောထုတ်ကုသမှုများအတွက် အာမခံ မပေးပါ။ 
  • အာမခံအားလူနာမှကျိုးကြောင်းဆီလျှော်စွာအသုံးပြုနိုင်ပါသည်။ သွားဆရာဝန်နှင့် နှစ်စဉ်သွားနှင့်ခံတွင်းစစ်ဆေးမှုများမှာ ကုသမှုရေရှည်အောင်မြင်ရန်အတွက် အရေးကြီးပါသည်။ 

သွားမြစ်တုများ

  • သွားမြစ်တုတိုင်များသည် ၅ နှစ် LOCAL dental warranty အာမခံရှိပါသည်။ သွားမြစ်တုအားပြု သွားတုအစွပ်များသည် ၂နှစ် LOCAL warranty ရှိပါသည်။ 
  • သွားမြစ်တုကုသမှုအတွက် ပေးငွေ ပြန်မအမ်းပါ။ ကျွန်ုပ်တို့ဆေးရုံတွင် သွားမြစ်တုကုသမှုမှာ အောင်မြင်မှုရာခိုင်နှုန်းများသော်လည်း အကြောင့်အမျိုးမျိုးကြောင့် ကျွန်ုပ်တို့ဆရာဝန်များမှ မထိန်းချုပ်နိုင်ဘဲ သွားမြစ်တုနှင့် သွားဖုံးရိုး မပေါင်းစပ်ခြင်းများ ဖြစ်နိုင်ပါသည်။ 
  • ပထမသွားမြစ်တုထည့်ခြင်း မအောင်မြင်ပါက ဒုတိယသွားမြစ်တုထည့်ခြင်း နှင့် ခွဲစိတ်ခြင်းအား ကျွန်ုပ်တို့ဆေးရုံတွင် ကျွန်ုပ်တို့သွားမြစ်တုအထူးကုများမှ အခမဲ့ ပြုလုပ်ပေးပါမည်။
  • တစ်နေရာထဲတွင်ပင် သွားမြစ်တုထပ်မံထည့်ရန်လိုအပ်ပါက ခွဲစိတ်ခ ကျသင့်မည်ဖြစ်သည်။
  • သတ်မှတ်ထားသော အာမခံကာလအတွင်း အပြစ်အနာအဆာအား ကျွန်ုပ်တို့ဆေးရုံသို့ တရားဝင်အသိပေးခြင်းဖြင့် အာမခံရယူနိုင်ပါသည်။
  • ကုသမှုပြီးသောအခါ အခြားသော သွားဆရာဝန်မှ ပြုပြင်မှုများ ပြုလုပ်လိုက်ပါက အာမခံ ပျက်ပြယ်ပါမည်။

အာမခံတွင် ဆရာဝန်ခ နှင့် ပစ္စည်းဖိုးပါဝင်ပါသည်။ သို့သော်လည်း ခရီးသွားစရိတ်၊နေထိုင်စရိတ်၊ ပြည်ပသွားဆရာဝန်မှ သွားမြစ်တုစိုက်ပြီး ကုသမှုများနှင့်ပျက်စီးမှုများ အတွက် ကုန်ကျစရိတ်များ မပါဝင်ပါ။

အာမခံတွင် ကုသမှုခံယူပြီးနောက် အခြားသွားဆရာဝန်မှ ပြုလုပ်လိုက်သော သွားပစ္စည်း ပျက်စီးခြင်း နှင့် အခြားသော ကုန်ကျစရိတ်များ မပါဝင်ပါ။ BIDHသည် အခြားသွားဆေးခန်းတွင် ယခင်က ကုသခဲ့သော သို့မဟုတ် ကုသနေဆဲဖြစ်သော သွားပစ္စည်းများအတွက် တာဝန်မယူပါ။ ကုသမှုခံယူပြီးနောက် အခြားသော သွားဆရာဝန်မှ ပြုပြင်မှုများ ပြုလုပ်လိုက်ပါက အာမခံ ပျက်ပြယ်ပါမည်။ အကယ်၍ ပြုလုပ်လိုပါက ကျွန်ုပ်တို့ အထူးကုသွားဆရာဝန်ထံမှ ခွင့်ပြုချက် ရယူနိုင်ရန် ကျွန်ုပ်တို့၏ အီးမေးလ် contact@thailanddentalhospital.com သို့ စာရေးပေးပို့ ကြိုတင်အသိပေးရပါမည်။