Sleep Dentistry and Operating Theatre
ရွေးခြယ်နိုင်သော မေ့ဆေးအမျိုးအစားများ
BIDH သွားနှင့်ခံတွင်းအထူးကုဆေးရုံတွင် ထုံဆေး၊ အိပ်ဆေးနှင့်မေ့ဆေးတို့အား လူနာများအတွက် ဘေးကင်းရောက်စွာ အသုံးပြုပါသည်။ ကျွန်ုပ်တို့ သွားဆရာဝန်များသည် လိုက်နာရမည့် စည်းမျည်း စည်းကမ်းများနှင့် ဥပဒေများအား တင်းကြပ်စွာလိုက်နာပါသည်။
စိတ်လှုပ်ရှားမှုနှင့် နာကျင်မှုသက်သာစေရန် အသုံးပြုနိုင်သော မေ့ဆေးပုံစံအမျိုးမျိုးမှာ –
၁။ အပျော့စား အိပ်ဆေးပေးခြင်း – လူနာသည် နိုးကြားနေပြီး စိတ်လှုပ်ရှားမှုအား အနည်းငယ် လျော့ချပေးနိုင်ပါသည်။ ဆေးသောက်ခြင်း ၊ ဓာတ်ငွေ့ရှုခြင်းဖြင့် ကုသနိုင်ပါသည်။
၂။ အသင့်အတင့် အိပ်ဆေးပေးခြင်း – လူနာသည် နိုးကြားနေပြီး စကားပြော ညွှန်ကြားချက်များကို ကောင်းကောင်း တုံ့ပြန်နိုင်ပါသည်။ ဆေးသောက်ခြင်း၊ ဓာတ်ငွေ့ရှုခြင်း ၊ ဆေးသွင်းခြင်းဖြင့် ကုသနိုင်ပါသည်။
၃။ အပြင်းစား အိပ်ဆေးပေးခြင်း – လူနာသည် အလွယ်တကူမနိုးကြားနိုင်ပါ။ သို့သော် ထပ်ကာထပ်ကာ ညွှန်ကြားချက်များပေးပါက တုံ့ပြန်နိုင်ပါသည်။
၎။ မေ့ဆေးပေးခြင်း – အိပ်စက်ကုသခြင်း ဟုလည်းခေါ်ပါသည်။ ဤကုသမှုတွင် လူနာသည် မေ့မြောနေပါမည်။
မည့်သည့်မေ့ဆေးအဆင့်မဆို လူနာဘေးကင်းစေရန် အရည်အချင်းပြည့်မီသောအထူးကုများ၊ လိုင်စင်ရဆေးဝါးများနှင့် မှန်ကန်သော ကိရိယာများကို အသုံးပြုရန်အရေးကြီးပါသည်။ မေ့ဆေးအဆင့်အား အကြံပေးရာတွင် လူနာ၏စိုးရိမ်စိတ်ကိုသာမက လူနာ၏ ကျန်းမာရေးလိုအပ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားပါသည်။
ကျွန်ုပ်တို့ဆေးရုံတွင် အသုံးပြုသော မေ့ဆေးလမ်းညွှန်ချက်များ –
၁။ လူနာ၏ ကျန်းမာရေးစစ်ဆေးခြင်း
၂။ မခွဲစိတ်ခင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ခွဲစိတ်ရန် ပြင်ဆင်ခြင်း
၃။ လိုအပ်သော ဆေးဝါးကိရိယာများ ပြင်ဆင်ခြင်း
၎။ စောင့်ကြည့်မှတ်တမ်းတင်ခြင်း
၅။ ပြန်လည်သက်သာလာချိန်နှင့် ဆေးရုံဆင်းချိန်ထိ စောင့်ကြည့်ကုသမှုပေးခြင်း
၆။ အရေးပေါ် ကုသမှုများပေးခြင်း
Sleep Dentistry မေ့ဆေးအသုံးပြုခြင်း၏ကောင်းကျိုးများ
မေ့ဆေးနှင့် အိပ်စက်ကုသခြင်းကြောင့် ရနိုင်သော ကောင်းကျိုးများမှာ –
- မေးရိုးခွဲစိတ်ခြင်း၊ မေးရိုးအပြည့်သွားမြစ်တုစိုက်ခွဲစိတ်ခြင်း၊ သွားများစွာနှုတ်ခြင်း သို့မဟုတ် အံဆုံးနှုတ်ခြင်း စသည့် ခက်ခဲကြာညောင်းသော ကုသမှုများ လုပ်နိုင်ခြင်း
- သွားဆေးခန်းကြောက်၍ စိုးရိမ်စိတ်ကြီးသော လူနာများတွင် သုံးနိုင်ခြင်း
- ထုံဆေးအသုံးပြုရန် အဆင်မပြေသော လူနာများတွင် ပြောင်းလဲအသုံးပြုနိုင်ခြင်း
ခွဲစိတ်ခန်းများ
ကျွန်ုပ်တို့ဘန်ကောက်သွားဆေးရုံကြီးရှိ ခွဲစိတ်ခန်းများတွင် မေ့ဆေးအသုံးပြု၍ အောက်ပါကုသမှုများပြုလုပ်နိုင်ပါသည်။
- မေးရိုးအပြည့်သွားမြစ်တုစိုက်ခွဲစိတ်ခြင်း
- မေးရိုးခွဲစိတ်ခြင်း သို့မဟုတ် မေးရိုးအလှပြုပြင်ခြင်း
- သွားများစွာနှုတ်ခြင်း သို့မဟုတ် အံဆုံးနှုတ်ခြင်း
မေ့ဆေးကုသမှုပြီးပါက ကျွန်ုပ်တို့၏ သူနာပြုများမှ လူနာများအား အထူးကြပ်မတ်ဆောင် (PACU)နှင့် အတွင်းလူနာခန်းများတွင် စောင့်ရှောက်ပေးပါသည်။