သွားအလှအပရေးရာစင်တာ
ယုံကြည့်မှုရှိစွာ ပြုံးရယ်ကြပါစို့
Veneers. Ceramic Crowns. Tooth-colored Fillings.
Teeth Whitening
သွားဖြူစေသောကုသမှုဖြင့် အရောင်မလှသောသွားများအား တောက်ပဖြူဖွေးအောင်ပြုပြင်နိုင်ပါသည်။ သင်၏သွားဆရာဝန်နှင့်တိုင်ပင်ပြီး သင့်တော်သည့် သွားဖြူကုသနည်းအားတိုင်ပင်နိုင်ပါသည်။
သွားဖြူအောင်ပြုလုပ်ရာတွင် –
၁။ ဆေးခန်း၌ သွားဆရာဝန်နှင့် ခဏတွင်းသွားဖြူအောင်လုပ်ခြင်း
၂။ မိမိအိမ်တွင် ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း သွားဖြူဆေးအသုံးပြုကာ မိမိဖာသာသွားဖြူအောင်လုပ်ခြင်းဟူ၍ နည်းလမ်း ၂ မျိုးရှိပါသည်။
Porcelain Veneers
Porcelain Veneerဆိုသည်မှာ အလွန်ပါးလွှာသောကြွေသွားတုများကိုသွားမျက်နှာပြင်ပေါ်တွင်ဖုံးအုပ်ခြင်း ဖြစ်သည်။ ကြွေသွားတုကုသမှုကို သွားများ၏အရောင်၊ ပုံစံ၊ အရွယ်ပြောင်းချင်လျှင် သို့မဟုတ် မညီညာ သော သွားများကို ဖုံးကွယ်ချင်လျှင် သုံးပါသည်။
ကြွေသွားတုကုသမှုဖြင့် သဘာဝကျ လှပသောအပြုံးကို ပိုင်ဆိုင်နိုင်ပါသည်။ အသုံးများသော ကြွေသွားတုအမျိုးအစားများမှာ –
- IPS Empress eMax နှင့်
- Super-thin veneers တို့ဖြစ်သည်။
Digital Smile Design (DSD)
BIDH သွားဆေးရုံတွင် Digital Smile Design (DSD) ဟုခေါ်သောခေတ်မီနည်းပညာဖြင့် သင့်အပြုံးကို လှပအောင်ပြုလုပ်ပေးနေပါပြီ။ DSD ဆိုသည်မှာ သင့်မျက်နှာအသွင်အပြင်နှင့်လိုက်ဖက်သောသွားပုံစံအား ကွန်ပြူတာထဲတွင်အရင်ပုံဖော်ကြည့်ခြင်းဖြစ်သည်။ ထို့နောက်စိတ်တိုင်းကျပြီဆိုပါက ကြွေသွားတုများကို DSD တွင် ဒီဇိုင်းဆွဲထားသည့်အတိုင်း ပြုလုပ်ပါသည်။
BIDH သည် ထိုင်းနိုင်ငံတွင် expert specialists အထူးကုမျာနှင့် DSD သုံး Digital Smile Studio ရှိသော ဆေးရုံတစ်ခုဖြစ်ပါသည်။
Digital Smile Design အကြောင်း
Dental Crowns and Bridges
သွားအစွပ်စွပ်ခြင်း
သွားတုအစွပ်စွပ်ခြင်းသည် ပျက်စီးပွန်းပဲ့နေသောသွားများပေါ်တွင် ကြွေသွားအစွပ်စွပ်ခြင်းဖြစ်သည်။ သွားတုအစွပ်သည် ပျက်စီးသွားသောသွားများကို နဂိုမူလပုံစံပြန်ရစေပါသည်။ သွားအကြောထုတ်ပြီးသွားသောအခါတွင်လည်း သွားပိုမိုကြံ့ခိုင်စေရန် သွားတုစွပ်ပါသည်။
သွားအတွဲလိုက်စိုက်ခြင်း
သမားရိုးကျ သွားအတွဲလိုက်စိုက်ခြင်း ဆိုသည်မှာ သွားမရှိသောနေရာအား ဘေးသွားအကူအညီယူ၍ သွားပြန်စိုက်ခြင်းဖြစ်သည်။
သွားတုအစွပ်ပြုလုပ်ရာတွင် သုံးလေ့ရှိသော ပစ္စည်းအမျိုးအစားများမှာ –
၁။ procelain-fused-to-alloy crowns (PFM crowns) (သတ္တု-ကြွေနှစ်လွှာပါသောအစွပ်)
၂။ all ceramic crowns (ကြွေတစ်မျိုးထဲပါသော အစွပ်) တို့ဖြစ်သည်။
အသုံးများသောကြွေသွားတု အမျိုးအစားများမှာ –
- IPS Empress eMax နှင့်
- zirconia crowns (Cercon Smart Ceramics, 3M Lava, Procera) တို့ဖြစ်သည်။
BIDH တွင် on-site digital dental laboratory ရှိပြီး ကြွေသွားတုများကို အချိန်တိုတိုအတွင်း ပြုလုပ်ပေး နိုင်ပါသည်။
Inlays, Onlays and Overlays
Inlays၊ onlays နှင့် overlays ဆိုသည်မှာ ပိုးစားနေသော သို့မဟုတ် ပျက်စီးသွားသော နေရာအားဖယ်ပြီးချိန်တွင်သွားအပေါက်အားပိတ်ရန်သုံးပါသည်။ သွားဖာခြင်းနှင့်ပုံစံဆင်ပြီးကြွေသို့မဟုတ်သတ္တုနှင့် ပြုလုပ် နိုင်ပါသည်။ သွားဖာရန်မဖြစ်နိုင်သော သွားပေါက်ကြီးသောအချိန်တွင် သုံးပါသည်။
အများအားဖြင့် ကြံ့ခိုင်ပြီး သွားအရောင်ရှိသော ကြွေအမျိုးအစားဖြင့်ပြုလုပ်လေ့ရှိပါသည်။
Composite Resin Fillings
သွားအရောင်ဖြင့်သွားဖာခြင်းသည်ပိုးပေါက်ဖြစ်နေသောသွားများအားပြန်ဖာရာတွင်သုံးသည်။ ယနေ့ခေတ်တွင် ငွေရောင်သတ္တုသွားဖာပစ္စည်းအားဖယ်၍ ဖာထားမှန်းမသိသာသော သွားအရောင်ဖြင့် သွားဖာကြပါသည်။
BIDH တွင် ငွေသွားဖာပစ္စည်းအား ပြန်ဖယ်ရာ၌ IAOMT guidelines အတိုင်းကုသပါသည်။ ဘေးကင်းစေရန် ခံတွင်းအကာသုံးခြင်း၊ အောက်စီဂျင်ရှုခြင်းတို့အသုံးပြုပါသည်။
Dental Bonding
Dental Bonding ဆိုသည်မှာ သွားအရောင်သွားဖာဆေးအားအသုံးပြု၍ ပဲ့နေသော၊ ကျဲနေသော သွားများအား ပြန်ဖာရာတွင် သုံးပါသည်။
- သွားအက်ခြင်း ၊ ပဲ့ခြင်း
- သွားကျဲခြင်း
- သွားဖာခြင်း