Multiple Missing Teeth
သွားအတွဲလိုက်စိုက်ခြင်း
သွားတစ်ချောင်းထပ်ပို ဆုံးရှုံးသွားပါက သွားမြစ်တုအားပြု သွားတုအတွဲလိုက်စိုက်နိုင်ပါသည်။
အဆင့်(၁) သွားမြစ်တုတိုင်များစိုက်ခြင်း ၊ အဆင့်(၂) သွားအတွဲလိုက်စွပ်ခြင်း
သွားများ တစ်ချောင်း ထပ်ပို၍ တစ်တန်းထဲတွင် ဆုံးရှုံးသွားပါက သွားမြစ်တု အားပြု၍ အတွဲလိုက် စိုက်နိုင်ပါသည်။ ၄င်းကုသမှုမှ ရနိုင်သော အကျိုးကျေှးဇူးများမှာ

ကုသမှုအစတွင် သင်၏သွားမြစ်တုအထူးကု ဆရာဝန်မှ ဓာတ်မှန်၊ 3D CT scan ရိုက်ကာ သွားမြစ်တုတိုင်ထည့်မည့် သွားဖုံးရိုးအား စစ်ဆေးပါမည်။ ထို့နောက် ကုသမှုအစီအစဉ်အား သင်နှင့်အတူ ဆွေးနွေးတိုင်ပင်ပါမည်။
ကုသမှု အစီအစဉ်ဆွဲစဉ်တွင် သင့်သိလိုသည်များ နှင့် ကုသမှု၏ ကောင်းကျိုးဆိုးကျိုးများကို သွားဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ သွားမြစ်တုစိုက်ရန် သွားဖုံးရိုးကောင်းဖို့လိုအပ်ပြီး သွားဖုံးရိုးနိမ့်နေပါက အရိုးထပ်ပိုးကုသမှု ပြုလုပ်ရန် လိုအပ်ပါမည်။
ကုသမှုအစီအစဉ်ဆွဲပြီးနောက် သင်၏သွားဆရာဝန်မှ ပထမအဆင့်သွားမြစ်တုတိုင်များ ထည့်ပါမည်။သွားမြစ်တုတစ်ချောင်း သွားဖုံးရိုးထဲသို့ ထည့်ချိန်သည် ယေဘုယျအားဖြင့် မိနစ် ၃၀ မှ ၁ နာရီခန့် ကြာနိုင်ပါသည်။ သွားမြစ်တုတိုင်ထည့်ရမည့်နေရာ၊ ခွဲစိတ်မှုပုံစံ နှင့် သွားမြစ်တုအမျိုးအစားတို့ပေါ်မူတည်၍ကြာချိန်ကွာခြား နိုင်ပါသည်။ အများအားဖြင့်သွားမြစ်တုထည့်ရာတွင် ထုံဆေးကိုသာအသုံပြုလေ့ရှိပြီး မေ့ဆေးအသုံးပြုကုသခြင်း other sedative methods ခံယူလိုပါက သင်၏သွားဆရာဝန်နှင့် တိုင်ပင်နိုင်ပါသည်။
သွားမြစ်တုတိုင်ထည့်ပြီးပါက ထိုနေရာအားအစာမဝင်နိုင်စေရန် healing cap ခေါ်သွားမြစ်တုတိုင်အဖုံး တပ်၍ သွားဖုံးအား ပြန်ချုပ်ထားပါမည်။ ခွဲစိတ်ပြီး ၅ ရက်မှ ၁၀ရက် ကြာလျှင် ပြန်လည်စစ်ဆေးရန် နှင့် ချုပ်ရိုးဖြေရန် အတွက် သင်၏သွားဆရာဝန်နှင့်ပြန်တွေ့ရပါမည်။

သွားမြစ်တု အရိုးထဲတွင်အနာကျက်ရန် ၂ လ မှ ၆ လ ကျော်စောင့်ရပါသည်။ ထို့နောက် ဓာတ်မှန်ရိုက်၍ သေချာစွာထပ်မံစစ်ဆေးရပါမည်။ အနာကျက်ပြီဆိုပါက healing cap ဖယ်၍ သွားအစွပ်ပြုလုပ်ရန် သွားပုံစံခွက်ဖြင့် (သို့မဟုတ်) intraoral scan ဖြင့်ပုံစံယူပါမည်။
သွားပုံစံအား digial dental lab သို့ပို့၍ သွားတုအစွပ်ပြုလုပ်ပါမည်။ ကျွန်ုပ်တို့၏ BIDH တွင်digital dental lab ရှိသောကြောင့် သွားဆရာဝန်မှ သင်နှင့် အသင့်တော်ဆုံးသော သွားတုအစွပ်ပုံစံကို ထိန်းညှိနိုင်ပြီး အံဝင်ခွင်ကျတပ်ဆင်ပေးနိုင်ပါသည်။