Oral Surgery
ခွဲစိတ်ကုသမှုများ
သွားနှင့်ခံတွင်း ခွဲစိတ်ကုသမှုများ
Wisdom Teeth Removal. Jaw Surgery. Dental Implants.
ခွဲစိတ်ကုသမှုများသည် ခွဲစိတ်သည့်နေ့မတိုင်ခင်တွင် စနစ်တကျ ကုသမှုအစီအစဉ်ဆွဲခြင်းနှင့် ရောဂါရှာဖွေခြင်းများ လိုအပ်ပါသည်။
သင်၏ ခွဲစိတ် အထူးကု ဆရာဝန်မှ မခွဲစိတ်ခင်တွင် သင်၏ရောဂါ အခြေအနေနှင့် ရွေးခြယ်နိုင်သော ကုသမှုများကို ရှင်းလင်းတိုင်ပင်ပါမည်။ မလိုလားအပ်သော ဆိုးကျိုးများ မဖြစ်စေရန် Digital x-ray imaging နှင့် CT Scans တို့ရိုက်ပါမည်။
BIDH သွားဆေးရုံတွင် ခွဲစိတ်ရာ၌ ပိုးမွှားသန့်ရှင်းမှုအား အထူးအလေးပေးပါသည်။ လူနာ၏လုံခြုံမှုအတွက် ခွဲစိတ်မည့် နေရာ ၊ ခွဲစိတ်မှုပုံစံများကို မခွဲစိတ်ခင်တွင် သေချာပြင်ဆင်ရပါသည်။
ခွဲစိတ်ခန်းများနှင့်မေ့ဆေးအမျိုးအစားများ မေးရိုးခွဲစိတ်ပြုပြင်ခြင်းသြားမ်ားအား ရေရှည်မထိန်းထားနိုင်မှသာ နုတ်ပါသည်။ သွားနုတ်ခြင်းသည် ရိုးရှင်းသော ကုသမှုဖြစ်ပြီး တစ်ခါတည်းနှင့် ကုသနိုင်ပါသည်။ သွားနုတ်ပြီးသွားသောအခါ ၂ လ ခန့် သွားဖုံး အနာကျက်အောင် စောင့်ရပါသည်။ ထို့နောက် သွားမြစ်တုသော်လည်းကောင်း သွားအတွဲလိုက်သော်လည်းကောင်း သွားစိုက်နိုင်ပါသည်။ ဘေးသွားယိုင်ခြင်း သွားဖုံးရိုးနိမ့်ကျခြင်းများကို ကာကွယ်နုင်ရန် သွားပြန်စိုက်သင့်ပါသည်။
သွားသည် သွားဖုံးအောက်မြုပ်နေသော အခြေအနေမျိုးတွင် ခွဲနုတ်ရန် လိုအပ်ပါသည်။ သမားရိုးကျ သွားနုတ်ခြင်းနှင့် မတူဘဲ သွားမနုတ်ခင်တွင် အုပ်နေသော သွားဖုံးနှင့် သွားဖုံးရိုးအား ဖယ်ရှားရန်လိုအပ်နိုင်ပါသည်။
ကောင်းစွာပေါက်နေသော အံဆုံးသည် ပုံမှန်သွားများကဲ့သို့ အသုံးပြုနိုင်ပါသည်။ ကောင်းစွာမပေါက်ခြင်း သို့မဟုတ် ပိုးဝင်ခြင်းတို့မှသာလျှင် သင်၏သွားဆရာဝန်မှ အံဆုံးနုတ်ရန် အကြံပေးပါသည်။
သင်၏အံဆုံးသည် အန္တရာယ်ပေးနိုင်မပေးနိုင်ကို ဓာတ်မှန်ရိုက်ကြည့်ရပါသည်။ အံဆုံးအနေအထားပေါ်မူတည်၍ ခွဲနုတ်ရန်လိုမလိုဆုံးဖြတ်ရပါသည်။
သွားမရှိတော့ပါက သွားမြစ်တုအားပြုသွားစိုက်နိုင်ပါသည်။ သွားမြစ်တုသည် သွားအသစ်တစ်ချောင်းစိုက်သကဲ့သို့ ဆင်တူပါသည်။
ပထမအဆင့်တွင် သွားဖုံးရိုးအတွင်းသို့ သွားမြစ်တုတိုင်အား ထည့်ရပါသည်။ ခွဲစိတ်ပြီးသော အခါ အပေါ်မှ သွားဖုံးအား ပြန်လည်ချုပ်ထားပါသည်။ ၇ ရက်မှ ၁၀ ရက်ခန့်အနာကျက်အောင်စောင့်ပြီးနောက် ချုပ်ရိုး ဖြေနိုင်ပါသည်။
Implants အမြိုးမြိုးမေးရိုးမလှပခြင်း မညီညာခြင်းများအား မေးရိုးခွဲစိတ်ကုသနိုင်ပါသည်။ မေးရိုးခွဲစိတ်ခြင်းသည် အပေါ်မေးရိုး အောက်မေးရိုးနှင့် မျက်နှာအရိုးများကို အချိုးကျလှပါစေသည်။ အချို့သော လူနားများတွင် မေးရိုးတစ်ခုသာ ခွဲစိတ်ရန်လိုပြီး အချို့တွင် အပေါ်အောက် ၂ ခုလုံး ခွဲစိတ်ရပါသည်။
ဤသို့ခွဲစိတ်ရာတွင် ခွဲစိတ်ဆရာဝန်နှင့် သွားညှိအထူးကုဆရာဝန်တို့ ပူပေါင်းကုသရန် လိုအပ်ပါသည်။ BIDHသွားဆေးရုံတွင် ထိုခွဲစိတ်မှုများကို မေ့ဆေးဖြင့် ခွဲခန်းအသုံးပြု ကုသနိုင်ပါသည်။
မေးရိုးခွဲစိတ်ပြုပြင်ခြင်း