Orthognathic Surgery & Jaw Surgery

BIDH သွားညှိကုစင်တာတွင် မေးရိုးခွဲစိတ်ပြုပြင်ခြင်းကုသမှု၌ အတွေ့အကြုံရင့်ကျက်၍အရည်အချင်းရှိသော ခွဲစိတ်ကုဆရာဝန်များနှင့် သွားညှိအထူးကုဆရာဝန်များ ရှိပါသည်။ 

မေးရိုးခွဲစိတ်ပြုပြင်ခြင်း ဆိုသည်မှာ မေးရိုးပုံမမှန်ခြင်း သို့မဟုတ် အရိုးချို့ယွင်းနေခြင်း တို့အား ပြန်လည်ပြုပြင်ရန် နှင့် အပေါ်အောက် မေးရိုး အချိုးကျလှပါစေရန် ခွဲစိတ်ခြင်းများကိုဆိုလိုပါသည်။ မေးရိုးခွဲစိတ်ခြင်းသည် ခွဲစိတ်ဆရာဝန်နှင့် သွားညှိကုဆရာဝန်တို့ ပူးပေါင်းကာ မခွဲစိတ်ခင်မှ ခွဲစိတ်ပြီးသည့် အချိန်ထိ သေချာစွာ အစီအစဉ်ဆွဲ ကုသရသော ကုသမှု ကြီးတစ်ခုဖြစ်သည်။ 

ကုသမှုနှင့်အလှအပဆိုင်ရာ ရလဒ်ကောင်းရရှိရေးသာမက လူနာများ၏ ဘေးကင်းမှုသည် BIDH ၏ အဓိကဦးစားပေးဖြစ်သည်။ ထို့ကြောင့် ခွဲစိတ်ခန်းများအတွင်း ပိုးသတ်သောစနစ် နှင့် ကူးစက်ရောဂါ ကာကွယ်သောစနစ်တို့ ထည့်သွင်းထား  ပြီး လိုက်နာရမည့် လမ်းညွှန်ချက်များအတိုင်း ကုသမှုပေးပါသည်။ 

ဒစ်ဂျစ်တယ်နည်းပညာ

ကုသမှုအား တိကျစွာ တွက်ချက်

စမ်းသပ်နိုင်ခြင်း

ပိုမိုသိလို

ပိုးမွှားသန့်စင်သည့်စနစ်

ကူးစက်ရောဂါကာကွယ်ရန်နှင့်

လူနာဘေးကင်းရန်အတွက်

ပိုးသတ်ထားသော ကိရိယာများ

ပိုမိုသိလို

ခွဲစိတ်ခန်းများ

ရွေးချယ်နိုင်သော မေ့ဆေးအမျိုးအစားများနှင့် အတွင်းလူနာခန်းများ

ပိုမိုသိလို

Orthodontics

Orthodontic Dental Specialization

Treatment Process for Orthognathic Surgery

ကုသမှုအစီအစဉ်ဆွဲခြင်း

အချို့သော သွားမညီညာခြင်းများသည် သမားရိုးကျသွားညှိခြင်းတစ်မျိုးတည်းဖြင့် ကုသ၍မရပါ။ သင်၏ သွားညှိအထူးကုဆရာဝန်များသည် နေရာမမှန်သောသွားနှင့်မေးရိုးများကိုရောဂါအမည်တပ်ခြင်း ၊ ကြိုတင်ကာကွယ်ခြင်း နှင့် ပြုပြင်ကုသပေးခြင်းများ လုပ်ဆောင်ပေးနိုင်ပြီး သင်နှင့် သင့်တော်သော ကုသမှုများကို ရှင်းပြပေးနိုင်ပါသည်။ 

မည့်သည့်ကုသမှုမဆို မှန်ကန်သော ကုသမှု အစီအစဉ်ဆွဲခြင်းသည် ပထမ လုပ်ဆောင်ရမည့်အဆင့်ဖြစ်သည်။ သင့်သွားဆရာဝန်မှ ဓာတ်မှန်ရိုက်ခြင်းနှင့်သွားပုံစံယူခြင်းများ ပြုလုပ်ပါမည်။ အကယ်၍ သင်နှင့်သွားဆရာဝန်မှ မေးရိုးခွဲစိတ် ပြုပြင်ကုသရန် ရွေးချယ်ပါက  3D CT Scan ရိုက်ရပါမည်။ သို့မှသာ ခွဲစိတ်အထူးကုဆရာဝန်နှင့် ဆက်လက်တိုင်ပင် ကုသနိုင်မည်ဖြစ်သည်။ 

မေးရိုး ခွဲစိတ် ကုသမှု အစီအစဉ်အား အတည်ပြုရန် အထူးကု ဆရာဝန်များနှင့် ပြသ ရပါမည်။ ထို့နောက် မခွဲစိတ်ခင် သွားရောဂါကုသမှုများအား အစီအစဉ်ဆွဲကာ စတင်ကုသရပါမည်။ 

CT Scan

3D CT Digital Imaging

Diangostic Treatment Plan

မေးရိုခွဲစိတ်ပြုပြင်ခြင်း

Jaw surgery operation

ခွဲစိတ်မှု မစတင်ခင် တစ်ရက်ကြို၍ သင်၏ ခွဲစိတ်ဆရာဝန်မှ မေ့ဆေးပုံစံများအား တိုင်ပင်ပါမည်။ မေ့ဆေးအသုံး ပြုရပြီး ခွဲစိတ်ချိန် ၁ နာရီမှ ၃ နာရီခန့် ကြာမြင့်နိုင်ပါသည်။ 

ခွဲစိတ်မှု မခံယူခင်တွင် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ် ထားရပါမည်။ ခွဲစိတ်ခြင်းကြောင့် ခွဲထားသော  နေရာမှ နာခြင်း၊ ရောင်ခြင်း၊ သွေးထွက်ခြင်း၊ ပိုးဝင်ခြင်း နှင့် မေ့ဆေး၏ ဘေးထွက်ဆိုးကျိုးများ ဖြစ်တတ်ပါသည်။ ခွဲစိတ်ပြီးနောက် ၁ ရက် ၂ ရက်ခန့် ဆေးရုံတက်ရတတ်ပါသည်။ ဆေးရုံဆင်းပြီးလျှင်လည်‌ရောဂါ အရှင်းသက်သာရန် အချိန်ပေးရပါမည်။

ခွဲစိတ်မှုပြီး နောက်ဆက်တွဲ ကုသမှုများ

Clear Speed Braces

မေးရိုးခွဲစိတ်မှုအနာကျက်ပါက အပေါ်အောက် သွားကောင်းကောင်းစိလို့ရစေရန် သွားညှိကုသမှုပြုလုပ်ရပါမည်။ 

သွားညှိတုံးလေးများသုံး၍ဖြစ်စေ အကြည်ရောင် အံစွပ်လေးများသုံး၍ဖြစ်စေ ကုသမှုနောက်ဆုံးအဆင့်အား ခံယူရပါမည်။ သွားညှိကုသမှုအမျိုးမျိုးအား ကနဦးကုသမှုအစီအစဉ်ဆွဲစဉ်တည်းက ကြိုတင်တိုင်ပင်ပါမည်။ သွားညှိကုသမှုပြီးပါက သွားများအား နေရာတွင် ထိန်းထားနိုင်ရန် အထိန်းအံစွပ်လေးများ တပ်ထားရပါမည်။ 

Braces အမျိုးအစားများ
အပေါ်သို့