MAI နှင့် Air KBZ မှ ပြုလုပ်သော Sky Smile reward programme တွင် membership အမျိုးအစား (၃) မျိုးရှိပါသည်။
- JADE class members
- RUBY class members
- DIAMOND class members

၄င်း membership အမျိုးအစားများသည် ၁ နှစ်အတွင်း သင်စုစောင်းထားသော points ပေါ်တွင် အခြေခံပါသည်။
Sky Smile Frequent Flyer Privileges ကိုအသုံးပြု၍ BIDH သွားနှင့်ခံတွင်း ဆေးရုံကြီးတွင် လှပသော အပြုံးကို ရယူလိုက်ပါ။
Myanmar Airways International (MAI)
MAI airlines သည် ၁၉၉၃ ခုနှစ် မှ စတင်တည်ထောင်ထားသော ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး KBZ အဖွဲ့အစည်းနှင့်လည်း ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။ MAI သည် ပြည်တွင်းပြည်ပပြေးဆွဲလျက်ရှိသော မြန်မာနိုင်ငံ၏ နိုင်ငံတကာ လေကြောင်းလိုင်း ဖြစ်သည်။ လေကြောင်းလိုင်းသည် ရန်ကုန်နှင့် မန္တလေးမှ Bangkok, Singapore, Guangzhou, Hangzhou, Nanchang, Hefei နှင့် Kolkata နိုင်ငံများသို့ ပျံသန်းလျက်ရှိသည်။ တရုတ်နှင့် မြန်မာနိုင်ငံ သို့ ပျံသန်းသော လမ်းကြောင်းများမှာ Guangzhou, Hangzhou, Hefei, Nanchang, Fuzhou ဟူ၍ ၅ နေရာရှိပါသည်။
Air KBZ
Air KBZ လေကြောင်းလိုင်း သို့မဟုတ် Air Kanbawza သည် MAI လေကြောင်းလိုင်းနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေသော လေကြောင်းလိုင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ လေကြောင်းပို့ဆောင်မှု လိုအပ်ချက်အား ဖြည့်ဆည်းပေးရန် AIR KBZ ကို ၂၀၁၀ ဇွန်လတွင် စတင်တည်ထောင်ခဲ့ပါသည်။ AIR KBZ လေကြောင်းလိုင်းမှ ရန်ကုန်၊ ညောင်ဦး၊ မန္တလေး၊ ဟဲဟိုး၊ မြိတ်၊ နေပြည်တော်၊ ကလေး၊ မြစ်ကြီးနား၊ လားရှိုး၊ တာချီလိတ်၊ လွိုင်ကော်၊ ထားဝယ်၊ ကော့သောင်းနှင့် သံတွဲ အစရှိသော မြန်မာနိုင်ငံ၏ နေရာအများအပြားသို့ ပျံသန်းလျက်ရှိပါသည်။
လေကြောင်းလိုင်းဆိုင်ရာ အချက်အလက်များကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၀ နေ့ရှိ MAI နှင့် Air KBZ websites စာမျက်နှာများမှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်သည်။ ပျံသန်းပြေးဆွဲလျက်ရှိသော လမ်းကြောင်းများနှင့် လေကြောင်းလိုင်းဆိုင်ရာ အချက်အလက်များကို official websites တွင် ကြည့်ရှုနိုင်ပါသည်။

VIDEO HIGHLIGHTS OF BIDH Dental Hospital
မြန်မာ ဘာသာပြန် ဝန်ဆောင်မှု
BIDH သွားနှင့်ခံတွင်း ဆေးရုံတွင် မြန်မာ ဘာသာပြန် ဝန်ဆောင်မှုရှိပါသည်။ ကျွန်ုပ်တို့၏ ထိပ်တန်းသွားနှင့်ခံတွင်းဆရာဝန်များ အဖွဲ့တွင်
– အမေရိကန်နိုင်ငံ အသိအမှတ်ပြု သွားတုအထူးကုဆရာဝန်များ၊ သွားအလှအထူးကုဆရာဝန်များနှင့် သွားမြစ်တုအထူးကု ဆရာဝန်များ
– Digital Smile Design (DSD) အထူးပြုဆရာဝန်များ
– Straumann နှင့် Nobel Biocare သွားမြစ်အတုအထူးကု ဆရာဝန်များ
– သွားလုံးဝမရှိသောသူများတွင် မေးရိုးအပြည့် သွားမြစ်တုအစားထိုးကုသမှုအား တက္ကသိုလ်တွင် သင်ကြားပေးလျက်ရှိသော ပါမောက္ခများ
– သြစတြေးလျနိုင်ငံ အသိအမှတ်ပြု သွားညှိအထူးကုဆရာဝန်များ
– ဂျာမနီနိုင်ငံ အသိအမှတ်ပြု မေးရိုးနှင့်ခံတွင်းခွဲစိတ်အထူးကုဆရာဝန်များ
– ကျွန်ုပ်တို့၏ သွားနှင့်ခံတွင်း အထူးကုဆရာဝန်များသည် သူတို့၏ အထူးကုဘာသာရပ်များတွင် ၁၀နှစ်အထက် အတွေ့အကြုံရှိသူများဖြစ်ပါသည်။
BIDH သွားနှင့်ခံတွင်း ဆေးရုံတွင် ကိုယ်ပိုင် dental laboratory ရှိသောကြောင့် သွားတုများအား သဘာဝသွားများကဲ့သို့ အချိန်တိုအတွင်း ပြုလုပ်နိုင်ပါသည်။

” In last quarter of 2019, BIDH Dental Hospital receives the Global Health & Travel Awards (GHT Awards) for Best Aesthetic Dental Provider of the year in the region.”
ထိုင်းနိုင်ငံ၏ အတော်ဆုံးသွားဆရာဝန်များ
သင်၏ သွားနှင့်ခံတွင်းလိုအပ်ချက်များအတွက် အဆင့်မြင့်ဘွဲ့ရ ပြီး အတွေ့အကြုံရင့်ကျက်သော အထူးကုဆရာဝန်များအပြင် BIDH သွားနှင့်ခံတွင်းဆေးရုံသည် Global Health and Travel (GHT) မဂ္ဂဇင်းမှ ပေးအပ်သော Best Aesthetic Dental Provider 2019 ကိုလည်း ရရှိထားပါသည်။
BIDH သည် ထိုင်းနိုင်ငံတွင် သွားနှင့်ခံတွင်းရောဂါများကို အထူးပြုကုသလျက်ရှိသော ဆေးရုံတစ်ခုဖြစ်ပါသည်။ ဆေးရုံတွင် မေ့ဆေးနှင့် အိပ်ဆေးပေးကုသမှုများကိုလည်း ပေးလျက်ရှိသည်။
Contact us
Tel : 02-115-8977, 095-517-1587