Digital Smile Design
Smile Design by DSD
အလှအပဆိုင်ရာကုသမှုနှင့် နည်းပညာ
DSD Experts လှပသောအပြုံးဖန်တီးနိုင်သည်။ အပြုံးသည်လူတစ်ဦးချင်းစီ၏ မျက်နှာပုံစံနှင့် လိုအပ်ချက်တို့ပေါ်တွင် မူတည်ပါသည်။
BIDH သွားဆေးရုံတွင် အပြုံးလှပြုပြင်ရန် Digital Smile Design (DSD) နည်းပညာကို အသုံးပြုပါသည်။
Digital Smile Design (DSD) သည် ကွန်ပြူတာဆော့ဖ်ဝဲ၊ ဓာတ်ပုံ၊ ဗွီဒီယို တို့ကို အသုံးပြုတိုင်းတာပြီး သင့်အတွက် လှပသော အပြုံးဖန်တီးပေးသော ကုသမှုဖြစ်သည်။ သင်၏ DSD ကျွမ်းကျင် အထူးကုများသည် သင်၏မျက်နှာပုံစံနှင့် သင်လိုချင်သော ပုံစံပေါ်မူတည်၍ ဒီဇိုင်းရေးဆွဲပေးပါသည်။ ထို့နောက် DSD တွင် ရေးဆွဲထားသည့်အတိုင်း ကြွေသွားတုများကို ဒစ်ဂျစ်တယ် နည်းပညာဖြင့် ပုံထွင်းပြုလုပ်ပါသည်။
DSD သည် သွားနှင့်အပြုံး လှပရန်အတွက် ပါးစပ် နှင့် မေးရိုးတစ်ဝိုက် အစိတ်အပိုင်းများရှိ ပြဿနာများကို ရောဂါအမည် တပ်ကာ ကုသမှု အစီအစဉ် ဆွဲခြင်းတို့အား ဒစ်ဂျစ်တယ် နည်းပညာ အပြည့်အဝ သုံးထားသော ကုသမှု ဖြစ်သည်။
ရလဒ်အား ကြိုတင်ခန့်မှန်းနိုင်ပြီး ပိုမိုတိကျစေပါသည်။
ကုသမှုရလဒ်အား ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပုံဖော်ကြည့်ရှုနိုင်ပါသည်။
သင်၏တိုးတက်မှုအား သိရှိနိုင်ရန် ဓာတ်ပုံ ၊ ဗွီဒီယိုများဖြင့် ယှဉ်ကြည့်နိုင်သည်။
သင်လိုချင်သောပုံစံပေါ်မူတည်၍ သွား၏လိုအပ်ချက်များကို ပြုပြင်ပေးပါသည်။
မည်သူမဆို DSD နည်းပညာဖြင့်ကုသနိုင်ပါသည်။ ကုသမှုသည် သင်၏အပြုံးအား ဒီဇိုင်းဆွဲသည်မှစ၍ အမှန်တကယ် ဖန်တီး ပေးသည်အထိ ဒစ်ဂျစ်တယ်နည်းပညာအကူအညီယူထားပါသည်။
BIDH အလှအပရေးရာ ကုသမှုစင်တာ ရှိ DSD studio တွင် သင်၏ DSD ကျွမ်းကျင် အထူးကုများမှ သင်၏ မျက်နှာနှင့် သွားအချိုးအစားများအား တိုင်းတာတွက်ချက်ပါမည်။ အဆင့်မြင့် ဒစ်ဂျစ်တယ် ဓာတ်ပုံ နှင့် ဗွီဒီယိုများအသုံးပြုကာ သင်၏ သွား၊သွားဖုံးနှင့် နှုတ်ခမ်းစပ်ဆက်မှုအား လေ့လာပါမည်။ ထို့နောက် သင်၏သွားဆရာဝန်မှ သင့်အပြုံးအား နေရာတိုင်းတွင် လှနေစေရန် ဒီဇိုင်းရေးဆွဲပေးပါမည်။
BIDH အလှအပရေးရာကုသမှုစင်တာသည် ကြွေသွားတုပြုလုပ်ခြင်းများနှင့် invisalign သွားညှိကုသမှုများအပါအဝင် အလှအပရေးရာ ကုသမှုများအား ဒစ်ဂျစ်တယ် နည်းပညာ အသုံးပြုထား ပါသည်။ ကျွန်ုပ်တို့ ဆေးရုံတွင် ကြွေသွားတုများကို ပြုလုပ်ပေးနိုင်သော digital dental laborotory ရှိပါသည်။
digital technologies digital dental labDSD အရည်အချင်းရှိ သွားနှင့်ခံတွင်းအထူးကုဆရာဝန်များတွင်
– သာမန်အဖွဲ့ဝင်
– DSD မဟာဘွဲ့ရထားသူ
– DSD သင်ကြားပို့ချသူ ဟု၍ အဆင့် ၃ ဆင့်ရှိပါသည်။
BIDH တွင်ကျွန်ုပ်တို့၏ အထူးကုသွားဆရာဝန်သည် အမေရိကန်နိုင်ငံ အသိအမှတ်ပြု အထူးကု လက်မှတ်ရရှိထားပြီး အလှအပရေးရာ သွားဆေးပညာတွင် အထူးကျွမ်းကျင်သော DSD သင်ကြားပို့ချသူ ဖြစ်သည်။ သွားဆေးပညာလောကတွင် DSD ပညာအား အမှန်တကယ် တတ်မြောက်၍ ထိုပညာရပ်နှင့် ပတ်သက် သော ဗဟုသုတများကို ပြန်လည်ဖြန့်ဝေပေးနိုင်သော DSD သင်ကြားပို့ချသူ အနည်းငယ်သာရှိပါသည်။ DSD သင်ကြား ပို့ချသူများသည် ၄င်းတို့၏ နေ့စဉ် ကုသမှုများတွင် ဤပညာရပ်အား ကျွမ်းကျင်စွာ အသုံး ပြုနေသူများဖြစ်သည်။
အလှအပရေးရာအထူးကုများBIDH အလွအပေရးရာ ကုသမှုစင်တာရှိ Digital Smile Design နှင့် ဒစ်ဂျစ်တယ် သွားရောဂါကုသမှုများတွင် အသုံးပြုသော နည်းပညာများမှာ
၁။ Digital Smile Studio – အရည်အသွေးမြင့် ဓာတ်ပုံများနှင့် ဗွီဒီယိုများအတွက်
၂။ Digitalized Models – သမားရိုးကျ ပုံစံခွက်ဖြင့်ဖြစ်စေ ဒစ်ဂျစ်တယ် ပုံယူစက်ဖြင့်ဖြစ်စေ သွားပုံစံယူရန်အတွက်
၃။ CBCT Scan – သွားမြစ်တုကုသမှုများနှင့် သွားညှိကုသမှုများအတွက်
အထက်ပါ နည်းပညာများဖြင့် သင်၏ DSD ကျွမ်းကျင်ဆရာဝန်များသည်
၁။ DSD နမူနာပုံစံ
၂။ ခွဲစိတ်လမ်းညွှန်များကို အသုံးပြုနိုင်ပါသည်။
ဓာတ်ပုံ၊ ဗွီဒီယို နှင့် ခွဲစိတ်လမ်းညွှန်များကို ပေါင်းစပ်အသုံးပြုကာ မေးရိုးတစ်ခုလုံးအား ပြုပြင်ခွဲစိတ်ခြင်း သင်၏အပြုံးအား ဒီဇိုင်းရေးဆွဲခြင်းများ ပြုလုပ်နိုင်ပါသည်။ သင်၏ DSD ကျွမ်းကျင်ဆရာဝန်၊ သွားတု ပြု လုပ်သာ ပညာရှင်၊ အကောင်းဆုံးသော ပစ္စည်းကိရိယာများနှင့် သင်၏စိတ်အားထက်သန်မှုတို့ပေါင်းစပ်ကာ လှပ သောအပြုံးအား ဖန်းတီးနိုင်ပါသည်။